ဖျာပုံမြို့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင် လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်၊ ဝန်ဆောင်မှုအနေဖြင့် လက်တွေ့လုပ်ကိုင် ဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်ပွဲကို အဆိုပါရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။