မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်
Jun 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပြည်သူများ Online မှတစ်ဆင့် အသိပညာဗဟုသုတများကို လေ့လာနိုင်စေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။