သတင်းများ

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်
Jun 21,2022
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)ရှိ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက်၊ ပြည်သူ့ဆက်ဆံရေးသင်တန်းကို ယမန်နေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာများမှ သမဝါယမအသင်း/အသင်းသားများအတွက် လယ်ယာသုံးစက်ကိရိယာများထောက်ပံ့
Jun 21,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါမနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာ(Smart Village)များမှ သမဝါယမအသင်း/အသင်းသားများအတွက် လယ်ယာသုံး စက်ကိရိ ယာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာန ပြန်လည်ဖွင့်လှစ်
Jun 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာနအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာကလတွင် ပိတ်ထားခဲ့သော်လည်း ယခု ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာ မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Jun 21,2022
ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့က လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က လယ်ကျိုးကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community center) တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်
Jun 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာစိုက်ခင်း အပင်ကြီးထွားရှင်သန်မှုအား ကွင်းဆင်း ကြည့်ရှု
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ခင်း အပင်ကြီးထွားရှင်သန်မှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်း‌ဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jun 21,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယ‌မန်နေ့နံနက် ၁၁နာရီက‌ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 21,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် KG တန်းမှ Grade-7 အတန်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ် အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။