ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် ၁၈၉၆ စင်တီမီတာ ရောက်ရှိလာ
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့မရောက်ရှိသေးသော်လည်း ၁၈၉၆ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။