ကျောက်ဆည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကျေးရွာ(၁၂)ရွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် လုပ်ငန်းများအကော်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက သရက်ပင်ကျေးရွာ အုပ်စု သရက်ပင်ကျေးရွာနှင့် မြင်းကဘက်ကျေးရွာအုပ်စု တုံလုံကျေးရွာများသို့ကွင်းဆင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း၏ ရည်ရွယ်ချက်များ၊ မူဝါဒများအားရှင်းလင်းခြင်း၊ ကျေးရွာ၏ အဓိကလိုအပ်ချက်များ ပါဝင်သောဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲပြီး လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီသွားမည့် အကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းလုပ်ငန်းများကို တုံလုံ၊ ဘနွဲ့ကုန်း၊ ရေပြစ်၊ ရန်ဘက်လို၊ အောင်ချမ်းသာ၊ အေးရွာ၊ ဈေးရွာ၊ ငပြောင်၊ သရက်ပင်၊ သင်တောင်း၊ ပေါက်ပင်ကွေ့၊ ကုန်းသာ ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)