ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်းစေတီတော်အား ရွှေထီးတော်တင်လှူ
Jun 21,2022
ကျိုက်ထိုမြို့၏ဂုဏ်သရေဆောင်ဆု တောင်းပြည့်ရွှေဘုံသာဝင်းအတွင်း ရှေးဟောင်းစေတီတော်(၄၇)ဆူအနက် ဉာဏ်တော်အမြင့်(၂၇)တောင်ရှိ စေတီတော်တစ်ဆူအား သာသနာတော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ် နယုန်လပြည့်ကျော် ၈ ရက် ဇွန်၂၁ ရက်နံနက် ၈ နာရီတွင် အလှူရှင် ဦးမြင့်သိန်း + ဒေါ်ခင်လှ (စက်သုံးဆီနှင့်ဆန်ရောင်းဝယ်ရေး) မိသားစုမှ မူလအလှူရှင်များအား ရည်စူးအမှူးထား၍ အသစ်မွန်းမံပြုပြင်၍ ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။