သတင်းများ

ဘိုကလေးမြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီမှ ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ပြန်လည်ဆောင်ရွက်နေ
Jul 07,2022
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နွမ်းပါးပြည်သူများ၏ ကျန်းမာရေး အခက်အခဲများအား ကူညီထောက်ပံ့ဖြေရှင်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီသည် မကြာခင်အချိန်က အခက်အခဲအမျိုးမျိုးကြောင့် ကူညီ ထောက်ပံ့မှုများ ယာယီရပ်နားခဲ့ရာမှ ဇူလိုင်(၅)ရက်နေ့တွင် မြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်းရုံးတွင် ကော်မတီဝင်များ တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ပြန်လည်ဆောင်ရွက်ရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ ကြပြီး ယခုအခါ ကူညီထောက်ပံ့ မှုများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်။
အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ  နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်
Jul 07,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့်တိုက် ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅၁)စု၊ လူဦးရေ (၇၀၇)ဦးအား ဇူလိုင်(၆)ရက်​နေ့က ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက် (၉:၃၀)အချိန်က မိုးလုံလေလုံ အားကစားခန်းမမှ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အားကစားကွင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဓနုဖြူမြို့နယ်နှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစား သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Jul 07,2022
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလအတွင်း ကုသိုလ်တရားများရရှိရေးအတွက်  ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝင်းစိန်ကျေးရွာ ကျိုက်မုထောစေတီ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကာရာနေရာများဖြစ်သည့် ဈေးများနှင့် သင်္ဘောဆိပ်များ၌ ဖြန့်ဝေခဲ့သည်။
မြင်းခြံမြို့ သာပေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 07,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် သာပေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့‌ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့နေ့လယ် (၃) နာရီအချိန်တွင် သာပေါင်းမြစ်ရေတင် ရှင်း လင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် မိုးစပါးဧကပေါင်း ၁ သိန်း ၁ သောင်းကျော် စိုက်ပျိုးနိုင်ခဲ့
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်သည် မြစ်ဝကျွန်းပေါ် ဆန်စပါး အများအပြားထွက်ရှိရာ ဒေသ ဖြစ်သည်နှင့် အညီ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ရာသီ၌ စပါးစိုက်ဧကပေါင်း (၁၁၅၄၀၈) ဧက စိုက်ပျိုးထားရှိနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်ထံမှ ယနေ့ သိရသည်။
မုဒုံမြို့၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌
Jul 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းက မြို့မ (၄) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများထံ တာဝန်ရှိသူများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။