ဟိုပန် ဇွန်၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေဝါ)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဟိဏ်းသီရိကျော် (လက်ထောက်ညွှန်ကြားရေးမှူး)က သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေး၊ မိုးကြိုးအန္တရာယ်၊ ရေကြီးမှု၊ မုန်းတိုင်းအန္တရာယ်များနှင့်ကြုံတွေ့ရပါက သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များကို အသိပေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)က မူးယစ်ဆေးဝါး ၏ဆိုးကျိုးအန္တရာယ်များ၊ ဆောင်ရန်ရှောင်ရန်များ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာ ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။