အုတ်တွင်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဂေဟစနစ်ထိမ်းညှိရန်၊ ဒေသခံပြည်သူများသစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ကပေါက်တောကြိုးဝိုင်း အကွက်အမှတ်(၁၃)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးသိန်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး ကျွန်း ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မယ်ဇလီပင် စုစုပေါင်း(၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
ခင်ခင်မာ (ပြန်/ဆက်)