ကန့်ဘလူ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ကြမ်းခင်းစျေးတွက်ချက်မှုကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီဥက္က္ကဋ္ဌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်ကြွယ်ကြွယ်ဝင်းက တင်ဒါစည်းကမ်းချက်များအား ဖတ်ကြား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အိတ်ဖွင့်တင်ဒါ လျှောက်လွှာတင်သွင်းသူများ၏ စာအိတ်များအား ဖွင့်ဖောက်စစ်ဆေးပြီး Lot 5 လုပ်ငန်းတွင်အသုံးပြုမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တင်ဒါအောင်မြင်သူများအား အတည်ပြု ကြေညာခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က တင်ဒါအောင်မြင်သူများအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ အချိန်မီရောက်ရှိရေး၊ စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီးရေး လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)