ပဲခူး ဇွန် ၂၁
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ဦးထင်ပေါ်က ပြည်သူ့ဆက်ဆံရေးသင်တန်းများကို နေပြည်တော်(ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များနဲ့၊ ခရိုင်ရုံးများအားလုံးမှာ တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပြီး သင်တန်း ပို့ချမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်၊ ပြည်သူများနှင့်ဆက်ဆံ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးသည့် နေရာမှာလဲ လုပ်ငန်းလာရောက် ဆောင်ရွက်သည့် ပြည်သူကို စိတ်ကျေနပ်သည်အထိ ဝန်ဆောင်မှုပေးနိုင်ရန် လိုကြောင်း၊ ဝန်ဆောင်မှုပေးရာမှာလည်း လုပ်ငန်းမြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခြင်း၊ ချိုသာစွာပြောဆိုခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ နွေးထွေးပျူငှာစွာဆက်ဆံခြင်း၊ လုပ်ငန်းပြီးမြောက်သည်အထိ ဂရုစိုက်ခြင်းစသည့် အချက်တွေကို အလေးထား ဂရုတစိုက် ပြုမူ လုပ်ကိုင်ပေးခြင်းသည်လည်း ဝန်ဆောင်မှုကောင်းပေးတာဖြစ်ကြောင်းပြောကြားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်း၌ သင်ကြားပို့ချမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ဦးထင်ပေါ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀.၆.၂၀၂၂)မှ (၂၄.၆.၂၀၂၂) ရက်ထိ (၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၄၄)ဦး တက်ရောက်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး