သတင်းများ

တောင်သာမြို့နယ်၌ နွေစပါးဧက(၁၀၀) တစ်ဧကအထွက်နှုန်း တင်း(၁၂၀) အထက် ထွက်ရှိရေး စံပြကွက်များအောင်မြင် ဖြစ်ထွန်း
Jun 29,2022
တောင်သာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ကျောဇီမြစ်ရေတင်ဒေသ (၄၁၀)ဧက၊ ကျောက်တစ်လုံးဆည်ရေသောက်ဒေသ (၁၂၀)ဧက၊ ဆင်တဲဝဆည်ရေ သောက်ဒေသ (၁၆၄)ဧက၊ ကျောက်တန်းယာ ကန်ရေသောက်ဒေသ (၂၅)ဧက စုစုပေါင်း (၇၁၉)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်‌ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jun 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား ကျန်းမာသန်စွမ်းရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေး
Jun 29,2022
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ
မိုးညှင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jun 29,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာများ သိရှိနိုင်စေရန် ရည်ရွယ်၍ အမှတ်(၃) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာတွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး
Jun 29,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဇီးကုန်းကျေးရွာ ရေးပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဇွန်လတတိယပတ်က ဇီးကုန်း၊ ဖံဖ၊ ထန်ပင်ကုန်း၊ တော်ပေါင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၌ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ စိုက်ပျိုးရေး နည်းပညာ‌ပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေး‌ ကော်မတီနှင့် တောင်သူများတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူ (၃၅၄၉) ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်
Jun 29,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်း များရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ယ‌မန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။