တပ်ကုန်းမြို့၌ ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်
Jun 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရန်ကုန်-မန္တလေး ကားလမ်း၊ မြို့ဝင်/ထွက်တိုးဂိတ်အနီး၊ ရှောက်ကုန်းကွင်း၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသည့်အဆောက်အဦများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဖယ်ရှား ရှင်းလင်းခဲ့သည်။