သိန္နီမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေး

သိန္နီ  ဇွန် ၂၉

ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင် လူ(၁၁)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ သိန္နီမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံ ရန်လာရောက်သည့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် သိန္နီမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်သည်။ ယနေ့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ (၅၅) ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းဇာနည်ထံမှ သိရသည်။

စောဉမ္မာ(သိန္နီ)