ချောင်းဆုံ ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဇီးကုန်းကျေးရွာ ရေးပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဇွန်လတတိယပတ်က ဇီးကုန်း၊ ဖံဖ၊ ထန်ပင်ကုန်း၊ တော်ပေါင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် မြို့နယ်(ကျေး/လက်)ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများနှင့် ကျေးရွာအတွင်း ရေရရှိရန်အတွက် လိုအပ်သည့် မြေနေရာနှင့် အဝီစိတွင်း တူးဖော်ရမည့်နေရာ၊ ရေကန်တည်ဆောက်ခြင်းများကို ပြောကြားသည်။ ထို့နောက် လုပ်ငန်းတင်ဒါအောင်မြင်သည့် မြင့်မိုရ်ကျွန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေအား ရှင်းလင်းပြောကြားသည်။
ဇီးကုန်းကျေးရွာတွင် အဝီစိတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်(၂၁၀၀၀)ပေ သွယ်တန်းခြင်း၊ မီးလိုင်းသွယ်တန်းခြင်း၊ Air Compressorနှင့် Motor တပ်ဆင်ခြင်း၊ 10HP 4 Pole (Pump + Motor) တပ်ဆင်ခြင်း၊ ဂါလံ(၂၀၀၀)ဆံ့၊ ရေစုကန်(၂)ကန်တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ လုပ်ငန်းအတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၅၆.၁၇)ဖြင့် မြင့်မိုရ်ကျွန်းကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)