ပိုင်ကျုံ ဇွန်လ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား ကျန်းမာသန်စွမ်းရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးစမှ အသက် (၂) နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက် (၂) နှစ်အာက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန်လ ၂၈ ရက်နေ့တွင် ထိုးနှံပေး လျက်ရှိရာ အသက် (၂) နှစ်အောက် ကလေးငယ် (၅၅) ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၃၄) ဦး စုစုပေါင်း (၈၉) ဦးအား ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးတိုက်ကျွေးထိုးနှံရန်ကျန်ရှိသူများကို ယနေ့တွင် ဆက်လက်တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)