သတင်းများ

ရွှေပြည်သာမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jun 29,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက်ကားလမ်းပိုင်း ပျက်စီး၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်းမရှိ
Jun 29,2022
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယနေ့ နံနက်(၁၁)နာရီခန့်တွင် လွယ်ဂျယ်−မိုးမောက်သွား ကားလမ်းမကြီး မြေသား နိမ့်ကျပျက်စီးမှုဖြစ်၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ် ယာဉ်ကြီးများ ရပ်နားထားရကြောင်း သိရသည်။
အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းသို့ မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ ကွန်ပျူတာ လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး အထောက် အကူပြုနိုင်ရန်နှင့် အဆိုပါကျောင်းရှိ (Computer learning Center) တွင် အသုံးပြုနိုင်ရန် အတွက် Lenovo ThinkPad (Laptop) အမျိုးအစားကွန်ပျူတာ (၁၀)လုံး ပေးအပ်လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး လက်အောက်ရှိ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဟိန်းဦးပိုင်၏ လမ်းညွှန်မှု ဖြင့် လိုင်းတာဝန်ခံနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့၊ ကံကုန်း နှင့်ကိုးဆူ ကျေးရွာရှိ 11 kv ဓာတ်အားလိုင်း တွင်တပ်ဆင်ထား D/S (Disconneting Switch) အသစ်တစ်စုံ လဲလှယ်တပ်ခြင်းလုပ်ငန်းနှင့် AutorecIoser တစ်လုံးလဲလှယ်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ ကျင်းပ
Jun 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jun 29,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကို အားလပ်သည့်အချိန်တွင် စာအုပ်စာပေများ ဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက်
မြောက်ဦးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jun 29,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင် ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၁၀ နာရီ အချိန်က ထမ္မရာဇ်ရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး ဇလွန်မြို့နယ် တရားသူကြီး ဒေါ်စိမ်းမို့မို့က နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်အား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။