ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၌ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ဝါးခယ်မ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ စိုက်ပျိုးရေး နည်းပညာ‌ပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား‌စေရေး‌ ကော်မတီနှင့် တောင်သူများတွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးနည်း ပညာ‌ပေးဆွေးနွေးပွဲကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကျော်သိန်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူ ဦးကြီးများ တက်ရောက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ယခုနှစ်မိုးစပါရာသီတွင် စပါးအထွက်တိုး ကောင်းမွန်စေရန် စိုက်ပျိုးရေး နည်းပညာများကို တောင်သူဦးကြီးများထံဝေမျှကာ စပါးအထွက်တိုးအောင် နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေးနှင့် မြေဆီလွှာများမပျက်စီးအောင် ထိန်းသိမ်ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းမှ ဧက၁၀၀၊ တင်း ၁၀၀ စိုက်ပျိုးနိုင်ရေး၊ နွေးစပါးအား ကွက်လပ်မကျန်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးသန့်၊ သီးညှပ်စိုက်ပျိုးနိုင်ရေး နည်းလမ်းများကို တောင်သူ ဦးကြီးများအား ရှင်းလင်းပြောကြားကာ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း