ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ချမ်းမြသာစည်  ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ယ‌မန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဟောပြောပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များ၊ ကလေးအလုပ်သမားအဓိပွာယ်၊ ကလေးငယ်များအား လုပ်ငန်းခွင်သို့ တွန်းပို့နေသည့်အချက်များ၊ ဥပဒေပြဌာန်းချက်များ၊ စသည်တို့ကို ‌အသိပညာ‌ပေးဟောပြောခဲ့သည်။

ထို့နောက် တက်‌ရောက်လာကြသော ကျောင်းသား/သူများက ခန်းမအတွင်းပြသထားသည့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ အမှတ် (၃၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း