ဖြူး စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများ အသစ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းကုန်းလမ်းမှ (၂၃)လမ်းအထိဆက်သွယ်သွားလာအသုံးပြုနိုင်သော (၁၉)လမ်းအား ကွန်ကရစ်လမ်းသစ်ခင်းကျင်းနေခြင်းကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းသစ်အား ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေ (၁၅၀.၅၆၆)သန်းဖြင့် လမ်းအရှည် (၁၄၇၅)ပေ၊ လမ်းအကျယ်(၁၂)ပေရှိ ထန်းကုန်းလမ်းမမှ (၂၃)လမ်းအထိ ဆက်သွယ်သွားလာအသုံးပြုနိုင်သော(၁၉)လမ်းအား ကွန်ကရစ်လမ်းသစ်ခင်းခြင်းဖြစ်ပြီး ကွန်ကရစ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီရေး၊ အချိန်မီအသုံးပြုနိုင်ရေးအတွက် ဖြူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလင်း၊ လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမောင်မောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)