ပခုက္ကူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ(အရှေ့)တိုက်၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ စုပေါင်းဆွမ်းကပ်အလှူတော်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တာ့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်ဆရာတာ်များက အန္တရာယ်ကင်းပရိတ်တရားရွတ်ပွားချီးမြှင့်တော်မူခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒစရိယဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)