မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းဆောင်ရွက်

မအူပင် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းလေ့လာခြင်းကို ယနေ့နံနက်ပိုင်းက မအူပင်မြို့ပေါ်ရှိ မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် ကမ်းနားလမ်းရှိ အခြေခံစားသောက်ကုန်အရောင်း ဆိုင်ကြီးများမှ ရောင်းချနေသည့် ဈေးနှုန်းများအား ကွင်းဆင်း‌မေးမြန်စုံစမ်းခြင်းများ ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းမေးမြန်းစုံစမ်းခြင်းအား မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ ငရုတ်အပွ၊ ကုလားပဲ၊ ဆီ၊ ဆား၊ ဂျင်း၊ အသားဈေးနှုန်းများ၊ ငါးဈေးနှုန်းများ၊ သစ်သီးဝလံဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ဈေးနှုန်းသုံးသပ်ချက်စာရင်း စိစစ်တင်ပြနိုင်ရန်၊ ကွင်းဆင်းကောက်ခံခဲ့ကြပြီး ရောင်းချသူလုပ်ငန်းရှင်များကို ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ မပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရန်၊ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)