ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး( Booster dose)ထိုးနှံ

ဂွ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု တွင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန် ရောက်ရှိလာသော ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်၊၊ထို့နောက် မိနစ် ၃၀ ခန့် အနားယူစေပြီး ကျောင်းသား၊ ကျောင်းသူကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့စုရပ်(၃)ခုတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား  ကျောင်းသား၊ ကျောင်းသူ(၁၆၅)ဦးက ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်