သာယာဝတီမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

သာယာဝတီ      ဇန်နဝါရီ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တောင်သူဦးတင်အေးနှင့်အစုအဖွဲ့(၃)ဦး၊ တောင်သူဦးဇော်လင်းနှင့်အစုအဖွဲ့(၃)ဦးတို့အား နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်သွင်းအားစု ပစ္စည်းများပေးအပ်ပြီး  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက တောင်သူဦးအောင်ဆင့်နှင့်အစုအဖွဲ့(၅)ဦး၊ တောင်သူဦးမြင့်အောင်နှင့်အစုအဖွဲ့(၃)ဦး၊ တောင်သူဦးသက်ဖုန်းကျော်နှင့်အစုအဖွဲ့(၃)ဦး၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်က တောင်သူဦးခင်မောင်ဝင်းနှင့်အစုအဖွဲ့(၃)ဦး၊ တောင်သူဦးကျော်လွင်နှင့်အစုအဖွဲ့(၃)ဦးတို့အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်သွင်းအားစုပစ္စည်းများကို အသီးသီးပေးအပ်ရာ နွေစပါးစိုက်တောင်သူများကိုယ်စား တောင်သူဦးသက်ဖုန်းကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသွင်းအားစုပစ္စည်းများပေးအပ်ရာတွင် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းဖိုးစီဖြင့် သာယာဝတီမြို့နယ်အတွင်း နွေစပါးစိုက်တောင်သူပေါင်း(၂၇၀၀)၏ နွေစပါးစိုက်ဧက(၂၇၆၃၈)အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများအင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)