မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

စလင်း  ဧပြီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအား ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နေအိမ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က စလင်းမြို့နယ်အတွင်း ပြိုကျပျက်စီးခဲ့သည့် ဌာနဆိုင်ရာများရှိအအဆောက်အဦအချို့နှင့် ရပ်ကွက်ကျေးရွာများရှိ အဆောက်အဦအချို့ဆုံးရှုံးပျက်စီးခဲ့မှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုများကြောင့် ပြိုကျပျက်စီးမှုခံရခဲ့သည့် ဌာနဆိုင်ရာများရှိဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာများရှိပြည်သူများ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့တွင်ပါဝင်သော သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေလင်းနိုင်မှ လေဘေးဖြစ်ပွားမှုအခြေအနေများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုတိုင်းဒေသကြီးညွှန်မှူးဒေါ်ထွေးကြည်မှ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာထောက့်ပံ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်မှ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဥ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သတ်မှတ်နှုန်းထားများနှင့်အညီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းပျက်စီးမှုများနှင့်ပတ်သက်၍ ကုန်ကျစရိတ်အသေးစိပ်တွက်ချက်ကာ ပြင်ဆင်စရိတ် တောင်းခံတင်ပြသွားရန် လိုအပ်ကြောင်း၊ လာမည့်ကျောင်းဖွင့်ရာသီမတိုင်ခင် မေလ ၁၅ ရက်အတွင်း ပျက်စီးသွားသည့် ကျောင်းများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း သဘာဝဘေးဖြစ်ပေါ်လာပါက တက်ညီလက်ညီ ဝိုင်းဝန်းကူညီကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဆင်ဖြူကျွန်းမြို့၊ ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာနေ လေဘေးဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် ဦးမျိုးတင့်နေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် ဦးရဲရွှေနေအိမ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ရေနံစုကျေးရွာနေ အမိုးလန်ပျက်စီးခဲ့သည့် ဦးအောင်ထွန်းနေအိမ်နှင့် ဒေါ်သန်းနုဝါတို့၏နေအိမ်များသို့ သွားရောက်ကာ အားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်၊ စလင်းမြို့