မြန်အောင် ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သခွတ်ကွင်း ကျေးရွာအုပ်စုနှင့် တောကျွဲလူးကျေးရွာ အုပ်စုတို့တွင် ဧပြီ ၂၂ ရက်နေ့က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် သခွတ်ကွင်းအုပ်စု ဖိုးဆိုးကုန်းရွာအောင်မင်္ဂလာ သရက်တော ဘုန်းတော်ကြီး ကျောင်းနှင့် တောကျွဲလူး ကျေးရွာအုပ်စု တောကျွဲလူးရွာ အောင်မဂ်လာ ရွှေဂျို့ပင်ကျောင်းတို့တွင် ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး တင်ဝင်း ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ ကျေးရွာတွင်း လမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေး လက်မှတ်၊ အိမ်ထောင်စုစာရင်း ဆောင်ရွက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်း ကမ်းစနစ်တကျလိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ကျေးရွာပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)