စဉ့်ကိုင်မြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အစည်းအဝေးကျင်းပ

စဉ့်ကိုင် ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ အခမ်း အနားသို့ မြို့နယ်စာရေး ဆရာအသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများ၊ လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ပြန်လည် ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍  ပြည်သူလူထုနှင့် စာပေဝါသနာရှင်များ၊ စာပေဗဟုသုတ တိုးပွားစေ ရေး တစ်ဦးနှင့် တစ်ဦး ရင်းနှီးချစ်ခင်မှုရရှိစေရေး၊ အသိပညာ ဗဟုသုတခြင်း ဖလှယ်မှုရရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော စာပေချစ်သူများမှ အသင်းနာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည်ဖြင့် ရွေးချယ်ခဲ့ကြသည်။

ထို့နောက်(Book Club)ဥက္ကဋ္ဌ စာရေးဆရာရှေ့နေ ဦးဝင်းကြည်က မိမိအနေဖြင့် ဥက္ကဋ္ဌနေရာ ပြန်လည်တာဝန်ပေးအပ်သည့်အတွက် ဝမ်းသာပါကြောင်း၊ စာဖတ်ဝိုင်းများကို လစဉ်တစ်လလျှင် (၂)ကြိမ် အနည်းဆုံးပြန်လည် ဆောင်ရွက်သွားခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှုရရှိပြီး  အသိပညာ ဗဟုသုတခြင်း ဖလှယ်ရာလည်း ရောက်မည်ဖြစ်ကြောင်း ကျောင်းသား၊ လူငယ်များ အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် သင်တန်းများ၊ ပြပွဲ၊  ပြိုင်ပွဲများကျင်းပရာ တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ကော်မတီ အဖွဲ့ဝင်(၁၅)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)