စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်များဗဟုသုတကြွယ်ဝစေရေး စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

စလင်း  ဧပြီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များမှန်ကန်သည့်အတွေးအခေါ်များနှင့် လက်တွေ့လူနေမှုနယ်ပယ်အတွင်း အကောင်းအဆိုးများကို ရွေးချယ်မှန်ကန်မှုရှိစေရန် စာအုပ်စာပေကိုချစ်မြတ်နိုးသည့် လူငယ်များဖြစ်လာနိုင်ပြီး နိုင်ငံသားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာစာအုပ်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမနှင့် စာကြည့်တိုက်အတွင်း ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြသခဲ့သည်။

ထိုသို့ပြသရာတွင် လူငယ်များအကြိုက်စာအုပ်စာ‌စောင်များ၊ ကလေးများအကြိုက်ကာတွန်းရုပ်ပြစာအုပ်များ၊ နိုင်ငံကျော်အနုပညာရှင်များ၊ နိုင်ငံကျော်ဘောလုံးသမားများ၏ စာအုပ်များ၊ စာပေနှင့်ဂီတအကြောင်းစာအုပ်များ၊ လူငယ်များစိတ်ဝင်စားဖွယ်ဖြစ်အောင်ခင်းကျင်း ပြသထားသည့်အပြင် လူငယ်များလေ့လာမှတ်သားနိုင်ကြစေရန် နည်းပညာဆိုင်ရာစာအုပ်များ၊ သုတ၊ ရသ၊ စာအုပ်မျိုးစုံတို့ကိုပြသခဲ့ရာ လူငယ်များစိတ်ပါဝင်စားစွာလေ့လာကြပြီး ကျောင်းပိတ်ရက်အားလပ်ရက်များဖြစ်၍ ရုံးရှိစာအုပ်များကို ဖတ်ရှုနိုင်အောင် စာငှားကဒ်များပြုလုပ်ပေး၍ ငှားရမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။    

မြို့နယ်ပြန်/ဆက်