မြစ်သား ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Book Club ၊ Youth Club အသင်းနှင့် Women Club အသင်းများ ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အကြောင်းကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်ဒေါ်ထွန်းထွန်းမော်နှင့် ဒေါ်ယဥ်ယဥ်ထွန်းတို့က ပြည်သူလူထုအတွင်း ဥပဒေအထောက်အကူလိုအပ်လျက်ရှိပြီးရှေ့နေငှားရန်အခက်အခဲရှိသူများကို အခမဲ့ရှေ့နေလိုက်ပါဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ရပ်ရှိနေပြီဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများရရှိစေရန်စသော ရည်ရွယ်ချက်များနှင့် ပြစ်မှုဆိုင်ရာတရားစီရင်ရေးတွင် အများပြည်သူက ယုံကြည်စိတ်ချရပြီး စဥ်ဆက်မပြတ်ထိရောက်စွာ အသုံးပြုနိုင်သော ဥပဒေဆိုင်ရာအထောက်အကူပေးသည့် စနစ်ဖြစ်ပေါ်စေရေး အစရှိသောအခြေခံမူ(၆)ရပ်၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ ဆောင်ရွက်ချက်လုပ်ငန်းစဥ်များကို သိရှိစေရန် အသိပေးရှင်းလင်းပြောကြားပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)