လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြိုင်ပွဲများကျင်းပ

ပန်းတောင်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး မှ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသူ/ကျောင်းသားများ၊ လူငယ်များ အနေ ဖြင့်စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ စာအုပ်စာပေများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်တို့ကို ပြောကြားပြီးနောက် ပစာဖတ်စွမ်းရည်ပြိုင်ပွဲတွင်လည်း လိုက်နာရမည့် စည်းကမ်းချက်များ၊ အမှတ်ပေး စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅)ဦးတို့မှ ဝင်ရောက်ယဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)