ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့်     တရားမဝင်တိုက်ဖျက်ရေးနံရံကပ်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့  သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ နံရံကပ်စာစောင်များ ပြသ

ကမမောင်း ဧပြီ ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနံရံကပ်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့ နံရံကပ် စာစောင်များပြသခြင်းကို ယနေ့နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 အဆိုပါ နံရံကပ်စာစောင်များတွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်၊ လှပဘဝ မူးယစ်ကင်းမှ၊ စိတ်ကြွဆေးကို အထင်မသေးသင့်ကြောင်း၊ စိတ်ကြွးဆေးသုံးစွဲလျှင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိတတ်ကြောင်းနှင့် ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးများမည် အမှန်ပင်၊ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်စေရေးပြုစုပေး စသည့် အချက်များ ပါဝင်သော နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်တင်လှ(ပြန်/ဆက်)