လယ်ဝေးမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများရွေးချယ်

လယ်ဝေး ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးကျော်သူရက စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများနှင့် စည်းမျည်းစည်းကမ်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက  စီမံကိန်းများနှင့်ကိုက်ညီသည့် ကျေးရွာများအား ညှိနှိုင်းရွေးချယ်ခြင်းများဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မြစိမ်းရောင်စီမံကိန်းကျေးရွာများအဖြစ် ငွေတောင်၊ ကြို့ကုန်း၊ မြိုင်သာယာ၊ သပြေကုန်း၊ အောက်ချိုင်း စသည့်ကျေးရွာများကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများအဖြစ် သပြေပင်၊ အင်ပင်သာ၊ ကတီ၊ ဆင်ဖြူကျွန်း၊ လေးကသိန်း၊ ရေပြာ၊ ရုံးတော၊ ငှက်ပျောတော၊ ချောင်းကျိုး၊ ရွာသစ်၊ ဥသျှစ်လှိုင်း၊ ကြို့တန်းကျေးရွာများကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံ ကိန်း (RPF)ကျေးရွာအဖြစ် ရွှေပြည်သာအုပ်စု  ဝဲကြီးကျေးရွာတို့အားလည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)