ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ နာနတ်ပင်စိုက်ပျိုးနည်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်

ဆိပ်ကြီးခနောင်တို ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်နေပြည်သူများ ဗဟုသုတတိုးပွားရရှိ‌ စေရေးရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်လည်း သီးပင်စားပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ “နာနတ်ပင် စိုက်ပျိုးနည်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်လေးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ရုံးမှ အငယ်တန်းစာရေး ဒေါ်မိုးသဲနှင်းနှင့် ရုံးအကူ ဒေါ်စုစုမြတ်နိုးတို့က နာနတ်ပင်အား မြေကြီးတွင် ရှင်သန်အားကောင်းအောင် စိုက်ပျိုးနည်း၊ နာနတ်သီး၏ ဆေးဘက်ဝင်မှုအကြောင်း၊ နာနတ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် Talk Show အစီအစဉ် ပြုလုပ်၍ ပြောကြားပေးခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ Talk Show အစီအစဉ်များ ပြုလုပ်ပေးသည့်အပြင် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိသတ်များအတွက် စာအုပ်မိတ်ဆက်ကဏ္ဍ၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ လက်မှုပညာများ ပြုလုပ်ပြသခြင်းနှင့် အခြားအသိပညာပေးလုပ်ငန်းများကိုလည်း အွန်လိုင်းမှတဆင့် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)