မာန်အောင် ဧပြီ ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်နေစာဖတ်ပရိသတ် ပြည်သူများအား စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများအား အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ရန်အောင်မြင်ရပ်ကွက်ရှိစာဖတ် ပရိသတ် ပြည်သူများအား(အခမဲ့) ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်ဖြင့် အပတ်စဥ်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)