မိုင်းတုံ ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မန္တလေးစာသင်တိုက်ဆရာတော် ဉူးပညာဒီပဦးဆောင်၍ ဝမ်နားကျေးရွာမှ စေတနာရှင်များနှင့်ပူးပေါင်း၍ ယမန်နေ့က မိုင်းတုံအုပ်စု၊ ဝမ်နားကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ကျေးရွာတွင်ရှိသော ဘိုးဘွား(၁၀)ဦးအား တစ်ဦးလျှင် ငွေသား(၁၈၀၀ဝိ)ကျပ်နှင့် ပစ္စည်း(၉)မျိုး တန်ဖိုး(၂၁၀၀ဝိ) စုစုပေါင်း တစ်ဦးလျှင်(၃၉၀၀ဝိ)နှုန်းဖြင့် (၁၀)ဦး (၃၉၀၀၀ဝိ)ကျပ်ကိုလည်းကောင်း၊ မိုင်းတုံမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဦးဆောင်သည့်အဖွဲ့မှ မြို့ပေါ်ရပ်ကွက်ရှိ အသက်(၇၉)နှစ်အထက် ဘိုးဘွား(၁၀)ဦးအား တစ်ဦးလျှင် ငွေသား(၃၀၀၀ဝိ)ကျပ်နှင့် လုံချည်တစ်ကွင်းနှုန်းဖြင့် အိမ်တိုင်ရာ ရောက် လိုက်လန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စီစဉ်ပြီး ဆောင်ရွက်ပေးခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း၊ အစဖြစ်သည့်အတွက် အခက်အခဲ အနည်းငယ်ရှိကြောင်း ဝမ်နားကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးထွေက ပြောကြားခဲ့သည်။ ထို့နောက် ဘိုးဘွားများ၏ကိုယ်စား အဖိုးတစ်ဦးက အခုလိုစီစဉ်ဆောင်ရွက်ပေးသောကြောင့် ဝမ်းမြောက်မိပါကြောင်း ပြောကြားပြီး အလှူရှင်များကို ပြန်လည်းဆုမွန်ကောင်းများပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)