ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်

ပြင်ဦးလွင် ဧပြီ ၂၀

ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရွှေလှေကား စာပေဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွားရေးကွန်ရက်တို့ ပူးပေါင်းကာ  မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ  ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ ယနေ့နံနက်ပိုင်းက သွားရောက်ကာ နယ်လှည့်ကွင်းဆင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ဟောပြောဆွေးနွေးကာ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ကလေးငယ်များ သုတ/ရသ တိုးပွားရရှိစေရေးနှင့် လိမ္မာယဉ်ကျေးစေရေးအတွက် ရုပ်ပြပုံပြင် စာအုပ်များဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေလှေကား စာပေဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွားရေးကွန်ရက်မှ မိုးမှိုင်း (ပြင်ဦးလွင်)က လူနှင့်လူ့ပတ်ဝန်းကျင် ပေါင်းသင်းနေထိုင်ရေးနှင့် ယဉ်ကျေးလိမ္မာရေးများ ဆိုင်ရာများကို ဆက်လက်ဟောပြောဆွေးနွေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်းပြသထားသော ကလေးစာပေများ၊ ရုပ်ပြစာအုပ်များနှင့် နံရံကပ်စာစောင်များကို ရွှေစင်မင်း ရွှေစင်မင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးခန့်က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)