သတင်းများ

ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 24,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်  ၉ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
စဉ့်ကူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Apr 24,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍  ယနေ့အချိန်ထိ ထုတ်ပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာနှစ်ရွာအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး
Apr 24,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဇီးကျွန်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ တို့အား မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို ဧပြီလ ၂၁ ရက်နေ့ နံနက် (၁၀) နာရီက စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာ ငှားရမ်းပေး
Apr 24,2023
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် မြေအောက်ရေ ရရှိနိုင်စွမ်း Geophysical Survey တိုင်းတာ
Apr 24,2023
မန္ဆလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဗျိုင်းအင်းကျေးရွာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသော စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် မြေအောက်ရေ ရရှိနိုင်စွမ်း Geophysical Survey တိုင်းတာခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အမိုးလန်ပျက်စီး
Apr 24,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယမန်နေ့ ည(၈)နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးမြို့နယ် ချောင်းဆုံကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း(ရှမ်း)​ကျေးရွာအနီး၌  ​မော်​တော်ယာဥ်တစ်စီး အရှိန်လွန်တိမ်း​မှောက်မှု ဖြစ်ပွား၍ သုံဦး​သေဆုံး
Apr 24,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-မိုင်း​ယောင်းသွား မိုင်တိုင်အမှတ် ကီလိုမီတာ (၁၆/၁၇) အကြား ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က (Vigo) အမျိုးအစား ​မော်​တော်ယာဥ်တစ်စီး အရှိန်လွန်တိမ်း​မှောက်မှု ဖြစ်ပွား​ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လူရည်ချွန်လေ့လာရေးစခန်းများသို့သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်သား၊ကျောင်းသူများအားတွေ့ဆုံ
Apr 24,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်မှနေ၍ လူရည်ချွန် လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ လက်ခံတွေ့ဆုံ၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်သည်။