ပြည်ကြီးတံခွန် ဧပြီ ၂၄
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စားငှားဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကို အသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းဇော်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဝန်ထမ်းများအား သုတ/ရသစာအုပ်(၂၅၅)အုပ် ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)