ပေါက်ခေါင်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ
Apr 25,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ အမှတ်(၁)ရပ်ကွက် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ဗုဗ္ဗါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးဝိသုဒ္ဓနှင့်ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။