တံတားဦးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အမိုးလန်ပျက်စီး

တံတားဦး   ဧပြီ   ၂၄

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယမန်နေ့ ည(၈)နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးမြို့နယ် ချောင်းဆုံကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တံတားဦးမြို့နယ် သာယာအေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း အလျား (၉၀) ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေ ရှိ ပင်မ(၁)ထပ်ကျောင်းဆောင်မှ အမိုးသွပ်(၁၃)ချပ်၊ (၉)ပေရှိ ဒိုင်း(၄)ချောင်း၊ (၁၈)ပေရှိ မြားတန်း(၃)ချောင်း၊ ပေ(၃၀)ရှိ ခေါင်အုပ်သွပ်(၁)ချပ်တို့ ဆုံးရှုံးမှုဖြစ်ပွားပြီး ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ခန့်မှန်းငွေကျပ်(၅)သိန်းခန့်ဖြစ်ရာ အမိုးလန်ပျက်စီးသွားကြောင်း၊ ပြိုကျပျက်စီးမှုအခြေအနေများအား မြို့နယစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ပျက်စီးဆုံးရှုံးသွားသော ကျောင်းဆောင်အား သက်ဆိုင်ရာ ပညာရေးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)