တောင်သာမြို့နယ်တွင် မြေအောက်ရေ ရရှိနိုင်စွမ်း Geophysical Survey တိုင်းတာ

တောင်သာ ဧပြီ ၂၄

မန္ဆလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဗျိုင်းအင်းကျေးရွာတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသော စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် မြေအောက်ရေ ရရှိနိုင်စွမ်း Geophysical Survey တိုင်းတာခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်းတာရာသို့ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေအောက်ရေ တိုင်းတာရေးတာဝန်ခံ ဦးရန်အောင် (ဦးစီးအရာရှိ-နည်းပညာ)၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများနှင့် ဗျိုင်းအင်းကျေးရွာမှ ရပ်မိရပ်ဖများ၊ ရေကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဗျိုင်းအင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို လေးလက်မခွဲ စက်ရေတွင်း ပေ (၄၀၀) ဂါလံ (၂၀၀၀) ဆံ့ ရေစုကန်၊ (၁၀ပေ×၈ပေ× ၈ပေ) ရေစက်ရုံ၊ ပေ (၂၀၀၀) ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ ယင်းလုပ်ငန်းအား တင်ဒါလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

ကျော်မျိုးနိုင်(တောင်သာ)