ရန်ကုန် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (အင်းစိန်)မှ ဆဋ္ဌမအကြိမ်မြောက် သက်ကြီးသတင်းစာဆရာကြီးများအား ပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးခင်မောင် မြင့်၊အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုနှင့် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးသိမ့်တို့က အမှာစကား အသီးသီးပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း (အင်းစိန်မြို့နယ်)ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ−တောင်တွင်းကြီး)က ဆဋ္ဌမအကြိမ်မြောက် သက်ကြီး သတင်းစာဆရာကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (အင်းစိန်မြို့နယ်)မှ ကန်တော့ခံသက်ကြီး သတင်းစာ ဆရာကြီးများဖြစ်ကြသည့် ဒေါက်တာ သန်းဦး၊ ဦးရန်နောင်(ပညာရေး)၊ဦးသက်တင် (မောင်သာတင့်)၊ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ−တောင်တွင်းကြီး)၊ဦးကြင်မောင်(မောင်ပန်းဝေ− ညောင်တုန်း)နှင့် ဦးတင်ဝင်း(ရွှေမိုးဦး)တို့ကို တက်ရောက်လာကြသည့် သတင်းစာဆရာ၊သတင်းစာ ဆရာမများက ကန်တော့ချိုး ကန်တော့၍ ကန်တော့ငွေနှင့်ပစ္စည်းများဖြင့် ပေးအပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသော ကန်တော့ခံသက်ကြီးသတင်းစာဆရာကြီးများက ဆုံးမဩဝါဒစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ ဆက်)