တောင်ငူ ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့်အသိပညာ အတတ်ပညာများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းအား ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် ကွန်ပျူတာအခြေခံဘာသာရပ်များအား နေ့စဥ်(၁၂:၃၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ပုံမှန်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်း၌အလယ်တန်းအဆင့် ကျောင်းသားကျောင်သူ(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၂၄-၄-၂၀၂၃)ရက်နေ့မှ (၁၉-၅-၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)