ပျဉ်းမနား ဧပြီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျင်းပသော ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ပထမနေ့ (ယဉ်ကျေးမှု ကျင့်ဝတ်ဘာသာ)ကို ယမန်နေ့မွန်းလွဲပိုင်းက မင်္ဂလာဗျူဟာသာသနဗိမာန်၌ ကျင်းပခဲ့သည်။
၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ် ဆောင်ရွက်ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ)ကို ဝင်ရောက်ဖြေဆိုသူ သာမဏေ ၂၁ ပါး၊ သီလရှင် ၄၀ပါး၊ လူပုဂ္ဂိုလ် ကျား ၉၀ ဦး၊ မ ၁၁၉ ဦး စုစုပေါင်း စာဖြေသာမဏေနှင့်သီလရှင် ၆၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၉ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)