ချမ်းမြသာစည် ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ယဥ်ကျေးလိမ္မာသော အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြီးမှူးကျင်းပသော (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့သစ်(၅) ရပ်ကွက်၇၀x၇၂လမ်းကြား၊ ၁၁၁ လမ်းရှိ မင်္ဂလာညွှန့် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၁)ဦး ဖြေဆိုခဲ့ရာ စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘန္ဒန္တအာစိဏ္ဏ (ဓမ္မာစရိယဆရာတော်)နှင့် သံဃာတော်များက ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးမှုး ဦးရဲမင်းထွန်း၊ မင်္ဂလာညွှန့်ဓမ္မာရုံဂေါပက ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် အဘိဓမ္မာသင်တန်း ဆရာမကြီး ဒေါ်သဲသဲသိန်းတို့ စောင့်ကြပ်၍ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။
ခင်စိမ်းဝင်း (မြို့နယ် ပြန်/ဆက်)