နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အပူရှပ်ခြင်း အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

နောင်ချို ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍  အပူရှပ်ခြင်းအကြောင်း သိကြောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက်  အပူရှပ်ခြင်းဖြစ်ရခြင်းအကြောင်း၊ အပူရှပ်ခြင်းခံစားရလျင် ပြတတ်သော ရောဂါလက္ခဏာများ၊  အပူရှပ်ခြင်း ခံစားရသူများကို အရေးပေါ် ကုသနည်းများနှင့် အပူရှပ်ခြင်းကို ပိုမိုခံစားရနိုင်သည့် အသက်အပိုင်းအခြားနှင့် ရောဂါဝေဒနာရှင် အမျိုးအစားများနှင့် အပူမရှပ်အောင် ကာကွယ်နေထိုင်ရမည့် နည်းလမ်းများအကြောင်းကို ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် အမေး၊ အဖြေပုံစံဖြင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)