အုတ်ဖို ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဂိုဏ်ပေါင်းစုံကျောင်းများအားလုံးတွင် မတ်လမှ စတင်ဖွင့်လှစ်ခဲ့ရာ (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲကို ယမန်နေ့က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာအခြေခံနှင့် ယဉ်ကျေးမှုစာမေးပွဲကို မြို့နယ်သဲဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏ဦးဆောင်မှုဖြင့် တာဝန်ကျဆရာတော်များမှကြီးကြပ်၍ အုတ်ဖိုမြို့နယ် အတွင်းရှိ မြို့လယ်ဓမ္မာရုံသာသနာ့ဗိမ္မန်တော်ကြီး၊ မတောင့်တ၊ ဝိုင်း၊ ချောင်းခွဂျီ၊ ထန်းပင်ကုန်း၊ ကြို့ကိုးပင်၊ မြောင်၊ အေးမြသာယာနှင့် အိုးသည်ကုန်းစာဖြေဌာန စုစုပေါင်း စာဖြေဌာန(၉)ခုတွင် ယမန်နေ့က ယဉ်ကျေးမှုဘာသာကို ဖြေဆိုရန်စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ (၉၀၃) ဦး ပေးသွင်းထားရှိကာ (၇၀၀) ဦးအထိ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အောင်သူ