စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင် ပြသ

စဉ့်ကူး   ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့မှစ၍ ယနေ့အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရပ်ကပ်စာစောင် ပြသရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူများ လိုက်နာနိုင်ရန် ထုတ်ပြန်ထားသည့် အသိပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံကားချပ်များနှင့် ကြေညာချက်များကို ဝေဝေဆာဆာ ပြသထားရာ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)