စလင်း ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကင်းထောက်သင်တန်းကို အ.ထ.က (၁) ဆင်းသီရိခန်းမအတွင်း၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကျောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ အ ထ က (၁) တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဌေးအောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကင်းထောက်အဖွဲ့၏ သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ကင်းထောက်နည်းပြဆရာမအဖြစ် ဆရာမ ဒေါ်ခိုင်ဇာထွေး၊ ကာယနည်းပြ ဆရာအဖြစ် ဦးနိုင်စိုး၊ ကြက်ခြေနီနည်းပြဆရာ ဦးမင်းအောင်နှင့် ဦးသူရမြင့်ဝေတို့မှ တာဝန်ယူ သင်ကြားပေးလျက်ရှိပြီး သင်တန်းကို ၂၅.၄.၂၀၂၃ ရက်နေ့မှ ၂၉.၄.၂၀၂၃ ရက်နေ့အထိ (၅) ရက်ကြာသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၈)ဦးနှင့် သင်တန်းသူ(၁၁)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၁၉) ဦး တက်ရောက်လျက်ရှိကြောင်း သင်တန်းအချိန် မှာ နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိဖြစ်ကြောင်း အ.ထ.က ၁) တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဌေးအောင် ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)