သင်္ဃန်းကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဇာတ်တိုက်လေ့ကျင့်

သင်္ဃန်းကျွန်း မေ ၁၀

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်အတွင်းရှိ ပြည်သူများထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရန်အတွက် အကြိုဇာတ်တိုက်လေ့ကျင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်၊ လက်ဆည်ကန်ဘောင်ပေါ်၌ ယနေ့နံနက် ၇ နာရီတွင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလေ့ကျင့်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးဦးဆောင်၍ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဘေးအန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ၊ ဝင်ရောက်ချိန်၊ ဝင်ရောက်ပြီးသည့်အချိန်များတွင် ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင်အသုံးပြုရမည့်ပစ္စည်းများ၊ ဆယ်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများ အခြေခံကာ အကြိုဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၇ နာရီတွင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဇာတ်တိုက် သရုပ်ပြဇာတ်လေ့ကျင့်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ကြပြီး သိရှိလိုသည်များကို မေးမြန်းကာလက်တွေ့ သရုပ်ပြဇာတ်တိုက် လေ့ကျင်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)